ချစ်သော ညီမ
ကိုယ်ပြောပြမယ်
ဒေါသတွေလည်း မထွက်နဲ့
ညီမတို့လို မိန်းမပျိုသည်
ဂုဏ်ဆို ငွေသား ပြ၍ထားလျှင်
အများအားဖြင့် ပျော်တတ်သည် ။
ငွေသားနောက်ကွယ်
ကြောက်စဖွယ်မို့
အကယ်ပျက်ပြား
မောက်မောက်မှားလျှင်
များများ ဒုက္ခတွေ့လိမ့်မည် ။
ဆုံးမပြောကြား
အပြစ်များစကားကို
ပယ်ရှား ညီမရှောင်စေသတည်း ။
သယ်ရင်း / ကျော်စွာ
အမှတ်တရ
8:10 PM |
Category:
ကဗျာ
|
ချစ်သူ
မင်းက ပန်းချယ်ရီဆို
ကိုယ်က နှင်းမှုံလေးပါ
မင်းအလှ မပြယ်စေဖို့
ထာဝရတွယ်ဖက်နေမဲ့သူပါကွာ..။
ချစ်သူ
မင်းက ပန်းခရေဆို
ကိုယ်က လေနုအေးလေးပါ
ကြွေဆင်းလာသူ မင်းအတွက်
သာယာဖြေညှင်း
တိုက်ခတ်ခြင်းတွေနဲ့
မြေပြင်အရောက်
ပို့ဆောင်ပေးမယ့် သူပါ
ချစ်သူ
မင်းက ကန္တာရခရီးသည်ဆို
ကိုယ်က ရေကြည်အေးလေးပါ
နွမ်းလှသူ မင်းအတွက်
အမြဲတမ်း
ကမ်းလက်တစ်စုံပေါ့က
အိုအေစစ်တစ်ခွက်ပေါ့..
ယုံကြည်လိုက်ပါချစ်သူ
8:10 AM |
Category:
ကဗျာ
|
အလွမ်း
စိုးရိမ်ကြီးစွာနဲ့ ကြောက်ခဲ့မိပါတယ်။
အချစ်
ကြောက်လန့်တကြားနဲ့ရေရွတ်မိခဲ့ပါတယ်။
မျှော်လင့်ခြင်း
တဆစ်ဆစ်နဲ့ ရင်ထဲမှာတမ်းတမိခဲ့ပါတယ်။
တမ်းတခြင်း
အိပ်ပျက်ခြင်းတွေ များစွာနဲ့ဆို့နင့်ခဲဖူးပါတယ်။
သတိရခြင်း
နေ့နဲ့ည မှားယွင်းစွာ စာလုံးပေါင်းဖူးပါတယ်။
အထီးကျန်ခြင်း
ကယောင်ကတမ်းနဲ့ ငါမျက်ရည်တွေစိုစွတ်ဖူးပါတယ်။
ဝေးကွာခြင်း
စိတ်ပျက်ခြင်းတွေတရံတလှေကြီးနဲ့ ငိုင်တွေငေးမောဖူးပါတယ်။
နာကျင်ခြင်း
စူးရှရှအဆွေးတွေကိုရင်ဝယ်ပိုက်
အိပ်မက်ခြောက်တွေနဲ့ရှင်သန်ခဲ့ဖူးပါတယ်။
မာန
စကားလုံးမေ့တဲ့အထိ ရင်ခွင်တစ်ခြမ်းပုံအပ်ဖူးပါတယ်။
နောက်ဆုံးတော့ ကောင်းကင်ထက်ကငှက်တစ်ကောင်
ရင်ကွဲနာကျ ပျံသန်းရင်းသေဆုံးသွားလေရဲ့။
form
my friend,
SHANE THU AUNG.
7:06 AM |
Category:
ကဗျာ
|
ဘယ်အရပ်ကိုပဲ ကျွန်တော်သွားသွား
အလွမ်းတွေက ဒရွတ်တိုက် လိုက်ပါနေတော့
ဟော့သည့်လမ်းတလျောက်မှာ
မှောက်ကျသွားခဲ့တဲ့ မနက်ခင်းတိုင်းဟာ
အဲသည့်အလွမ်းတွေနဲ့ပဲ ပေကျံစွန်းထင်းလို့...
ညစဉ်
ညတိုင်းမှာ
အဲသည်အလွမ်းတွေကို
ပြန်လည်ကောက်ယူဖုန်သုတ်
သန့်စင်နေရတာကိုလဲ
သန့်စင်နေရတာကိုကလည်း
ကျွန်တော်ရဲ့
နေ့စဉ်အလုပ်တခု
သို့သော်လည်း
တကြိမ်တခါမှ
ကျွန်တော်မပျက်ကွက်ခဲ့ရပါလား
ချစ်တယ် .................
..................................
FORM
MY FRIEND,
SHANE THU AUNG
6:53 AM |
Category:
ကဗျာ
|
May Not Always Contact You. ♥
But, Our Distance Makes Me Miss You...
I May Not Always Stay
In Touch. ♥
But, I Care For You Very Much...
I May Not Always Say Hi...
But, I Hope Never To Say Good bye... ♥
I May Not Prove To Be
The "Perfect One for you..." ♥
But I Hope MY LoVE,
Never Fades to An END... :)
5:26 AM |
Category:
ကဗျာ
|