ဘယ်အရပ်ကိုပဲ ကျွန်တော်သွားသွား
အလွမ်းတွေက ဒရွတ်တိုက် လိုက်ပါနေတော့
ဟော့သည့်လမ်းတလျောက်မှာ
မှောက်ကျသွားခဲ့တဲ့ မနက်ခင်းတိုင်းဟာ
အဲသည့်အလွမ်းတွေနဲ့ပဲ ပေကျံစွန်းထင်းလို့...
ညစဉ်
ညတိုင်းမှာ
အဲသည်အလွမ်းတွေကို
ပြန်လည်ကောက်ယူဖုန်သုတ်
သန့်စင်နေရတာကိုလဲ
သန့်စင်နေရတာကိုကလည်း
ကျွန်တော်ရဲ့
နေ့စဉ်အလုပ်တခု
သို့သော်လည်း
တကြိမ်တခါမှ
ကျွန်တော်မပျက်ကွက်ခဲ့ရပါလား
ချစ်တယ် .................
..................................
FORM
MY FRIEND,
SHANE THU AUNG
MY FRIEND,
SHANE THU AUNG
6:53 AM |
Category:
ကဗျာ
|
0
comments
Comments (0)