မကြင်နာ အမုန်းတရားတွေနဲ့
အကြင်နာ ကမ်းလက်တစ်စုံကို
အကွက်ကျတဲ့ အစီအမံတွေနဲ့
တမင်တကာ စိမ်းကားထားခဲ့သူ....
ဝေးရမှာကိုကြောက်တတ်သူမှ
မာယာစုတ်ချက်တွေနဲ့ ခြယ်ကာသ
မင်းစွန့်ပစ်သွားတဲ့ ဟောဒီပန်းချီကားမှာ
ဒဏ်ရာတွေ ပလပွနဲ့
ခုတော့
ငါ့အိပ်မက်အနာဂတ်မှာ
ဝေဒနာမိုးတိမ်တွေကပြို
မျက်ရည်မြစ်တွေလည်း ငိုနေကြပြီ ချစ်သူရရ်..။
5:48 AM |
Category:
ကဗျာ
|
0
comments
Comments (0)