သင်ဝန်းကျင်က လူတွေအားလုံးကို စိတ်ကို မထိန်းချုပ်နိုင်ဘဲ

စိတ်ရှုပ်နေရခြင်းအတွက် သင့်ကို အပြစ်တင်နေကြသည့်အခါ

သင်ခေါင်းအေးအေးထားနိုင်လျှင်....။

 

 

သူတစ်ပါးတွေက သင့်ကို သ့သယရှိနေသည့်အခါ သူတို့ကိုခွင့်လွှတ်ပြီး

သင့်ကိုသင် ယုံကြည်နိုင်လျှင်

 

သင်စောင့်ဆိုင်းနိုင်၍ စောင့်ဆိုင်းရသည်ကိုမမောပန်းလျှင်

 

သင်အလိမ်ခံရသော်လည်း လိမ်လည်မှု့ကိုသင်မပြုလုပ်လျှင်

 

သင်အမုန်းခံရသော်လည်း မုန်းတီးမှု့ကို သင်မပြုကျင့်လျှင်

 

သိပ်ချော့ခန့်ပြီး ရယ်လို့လည်း ဂုဏ်မ၀ံ့ကြွား

သိပ်ကြီးကျယ်တဲ့စကားကိုလည်းသင်မပြောကြားလျှင်

 

သင်စိတ်ကူးယဉ်နိုင်ပြီး စိတ်ကူးယဉ်ခြင်းကို သင့်အရှင်သခင် မပြုလုပ်လျှင်

သင့်စိတ်ကူးတွေးတောနိုင်ပြီး စိတ်ကူးကိုသင့်ရည်မှန်းချက်မပြုလုပ်လျှင်

 

အောင်ပွဲကြီးနှင့် ကြီးကျယ်သော ပျက်စီးမှု့ တို့ကို သင်ရင်ဆိုင်နိုင်ပြီး

ထိုလူလိမ်လူညာနှစ်ဦးကို သင်အညီအမျှဆက်ဆံနိုင်လျှင်

 

သင်နိုင်ထားသည့် ငွေအားလုံးကို တစ်ပုံတည်းသင်ပြုလုပ်နိုင်ပြီး

၎င်းကို မျောက်ပန်းလှန်ခြင်းကို တစ်ကြိမ်တည်း ပုံအော၍ စွန့်စားသဖြင့်

သင်ရှုံးနိမ့်ပြီး ထိုဆုံးရှုံးမှု့ကို တစ်လုံးတစ်ပါဒမျှ မမြွတ်ဟဘဲ

အစကနေ တစ်ဖန်ပြန်လည်စတင်နိုင်လျှင်....

 

သင်ကောင်းပါပြီ........


Comments (0)