သင်ပြောလိုက်သည့်အမှန်စကားကို အရူးထောင်ချောက်ဖြစ်အောင်
မရိုးသားသူတို့က လှည့်ပတ်လိုက်သည်ကို သင်နားထောင်ရန် သည်းခံနိုင်လျှင်

သို့မဟုတ် သင်အသက်ပေးအပ်ထားသောအရာများပြုကွဲသွားသည်ကိုမြင်၍သင်ရပ်တန့်နိုင်ပြီး
ဟောင်းနွမ်းနေသည့် ကိရိယာများနှင့် ထိုအရာများကို 
ပြန်လည်တည်ဆောက်နိုင်လျှင်


သင်၏နှလုံး အာရုံကြောနှင့် ကြွက်သားများ
အင်အားကုန်ခမ်းနေကြသည်မှာ ကြာပြီဖြစ်သော်လည်း
သူတို့ အလှည့်ကျ အလုပ်လုပ် နိုင်အောင် 
သင်ခွန်အားစိုက်နိုင်မည်ဆိုလျှင်

ထိုအရာတို့ကို ဆက်ထိမ်းထား ဟု
အမိန့်ပေးသည့်စိတ်စွမ်းရည်မှ တစ်ပါး
သင့်တွင် ဘာမှ မကျန်နိုင်သော်လည်း သင်ဆက်ထိမ်းထားနိုင်လျှင်

သင်သည် လူစုလူဝေးနှင့်ပြောဆို၍
ကိုယ့်ကျင့်တရားကို ထိမ်းထားနိုင်လျှင်

သို့မဟုတ် ဘုရင်များနှင့်လမ်းလျှောက်ပြီး
သာမာန်လူများနှင့် အဆက်မဖြတ်လျှင်

ထိုသူများရော  ချစ်ခင်သောသယ်ရင်းများကပါ သင့်ကို မထိခိုက်စေနိုင်လျှင်

လူအားလုံးက သင်နှင့်အတူ မျှော်လင့်ပါသော်လည်း
မည်သူမျှ လွန်လွန်ကဲကဲ မမျှော်လင့်လျှင်

သင်ခွင့်မလွှတ်နိုင်သော တစ်မိနစ်ကို
စက္ကန့် ခြောက်ဆယ်တန်
သင်ပြေးလွားသောခရီးနှင့် ဖြည့်စွက်နိုင်မည်ဆိုလျှင်


ကမ္ဘာမြေနှင့် ထိုပေါ်ရှိအရာအားလုံးကိုသင်ပိုင်ဆိုင်လေပြီ
ထိုမျှမကကေး သင်လူကြီးတစ်ယောက်ဖြစ်ပြီလေ...။


                        ဒေါက်တာမင်းတင်မွန်

Comments (0)